Labels

Thursday, November 24, 2016

ကျောက်ကပ်ပျက်စီးခြင်း





အကြောင်းအမျိုးမျိုးကြောင့် ကျောက်ကပ်ပျက်စီးနိုင်ပါတယ်။ သို ့သော် တချို ့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေ အနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက်စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ ့ရတဲ့အတွက်ကြောင့် ထို ရောဂါကို တိတ်တဆိတ်လူသတ်သမားလို ့ဆိုနိုင်ပါတယ်။ ခန္ဓာကိုယ်ကြီးကောင်းစွာ အသက်ဆက်နိုင်ဖို ့အတွက် ကျောက်ကပ် ရဲ ့ အခန်းကဏ္ဍဟာလွန်စွာ အရေးပါလှပါတယ်။ ဒါကြောင့်လည်း တခြားကလီစာများနှင့်မတူ လူတစ်ယောက်မှာ ကျောက်ကပ် နှစ်ခု(တစ်စုံ)ကို မွေးလာကတည်းက အတူပါလာရခြင်းဖြစ်ပါတယ်။ ရောဂါဖြစ်ခါစမှာကုသခြင်းထက်၊ ရောဂါကျွမ်းလာမှ ကုသနိုင် ခြင််းဟာ ရခဲလှတဲ့လူ ့ဘဝအတွက် အင်မတန်မှနှမြောစရာကောင်းပါတယ်။ သို ့ပါ၍ အောက်ဖော်ပြပါ လက္ခဏာ(၁၄)ရပ်ကို လေ့လာရင်း ကျောက်ကပ်မပျက်စီးရလေအောင် မိမိဘက်မှလက်ဦးမှုအရယူနိုင်ကြပါစေကြောင်း အကြံပြုလိုက်ရပါတယ်။

(၁) ဆီးအခြေအနေပြောင်းလဲခြင်း

“ဆီးအခြေအနေပြောင်းလဲခြင်းအစ ကျောက်ကပ်ရောဂါက” လို ့မှတ်ပါလေ။ ပုံမှန်နဲ ့မတူတော့ဘဲ ဆီးပမာဏများလာခြင်း၊ နည်းသွားခြင်း၊ မကြာခဏဆီးသွားခြင်း၊ ယခင်ထက် ဆီးအရောင်ရင့်လာခြင်း၊ အားစိုက်ကာ ဆီးကိုညှစ်ထုတ်၍သွားရခြင်းတို ့ဖြစ် ပါတယ်။ အထူးသဖြင့် ညပိုင်းမှာဆီးသွားကြိမ်ရေများခြင်းဟာ ကျောက်ကပ်ပျက်စီးခြင်း၏ စဦးပိုင်းအခြေအနေဖြစ်တာကြောင့် လစ်လျူမရှုသင့်ပါဘူး။ ထိုအခြေအနေမှာ အချိန်မှီကုသယူမခံယူဖြစ်ပါက ကျောက်ကပ်၏ ၈၀ ရာခိုင်နှုန်းအထိပျက်စီးသွားနိုင် တယ်လို ့ အိန္ဒိယနိုင်ငံရှိ Pune Region မှ ကျောက်ကပ်ရောဂါဆိုင်ရာ အကြီးတန်းအကြံပေးဖြစ်သူ ဒေါက်တာ Avinash Ignatius က သတိပေးထားပါတယ်။

(၂) ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို ့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း

ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ခက်ခက်ခဲခဲ ဆီးသွားရခြင်း(သို ့)ဆီးသွားနေစဉ် နာကျင်စွာခံစားရခြင်း(သို ့)ဆီးပူ၍ လိင်အင်္ဂါမှာ ပူ စပ်ပူလောင်ဖြစ်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။ ဆီးလမ်းကြောင်းထဲရှိပိုးဟာ ကျောက်ကပ်အထိ ကူးစက်ပျံ ့နှံ ့သွားပါက အဖျားတက်ပြီး ခါးနာလာပါတယ်။

(၃) ဆီးထဲမှာသွေးပါခြင်း

ဆီးထဲမှာသွေးပါခြင်းက ကျောက်ကပ်မှာပြဿနာရှိနေကြောင်းကို ထင်သာမြင်သာစွာသိနိုင်ပါတယ်။ ထိုအခြေအနေမျိုးကြုံရပါက ဆရာဝန်ဖြင့် အမြန်ဆုံးကုသမှုခံယူပါ။ (အမျိုးသမီးများ ဓမ္မတာလာစဉ် ဆီးထဲမှာသွေးပါတာမျိုးကိုမဆိုလိုပါ)

(၄) ဆီးအမြှုပ်ထခြင်း

ဆီးသွားနေစဉ်အတွင်း ဆီးထဲအမြှုပ်ထနေတာကို အလွယ်တကူတွေ ့မြင်နိုင်ပါတယ်။ ထိုအခြေအနေမျိုးဟာ ခန္ဓာကိုယ်ထဲမှာ ပရို တင်းဓာတ်ချို ့တဲ့ခြင်းကြောင်းဖြစ်နိုင်သလို၊ ကျောက်ကပ်ပျက်စီးတဲ့ လက္ခဏာလည်းဖြစ်နိုင်တာကြောင့် မပေါ့ဆဘဲ ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်တယ်လို ့ အိန္ဒိယနိင်ငံ၊ မွန်ဘိုင်းရှိ ကျောက်ကပ်ရောဂါဆိုင်ရာသုတေသီတစ်ဦးဖြစ်သူ ဒေါက်တာ Deepa Jayaram က သတိပေးထားပါတယ်။

(၅) ခန္ဓာကိုယ် ဖောသွပ်ခြင်း

ကျောက်ကပ်ပျက်စီးနေသူတိုင်း ကြုံတွေရမည့်လက္ခဏာပါ။ ကျောက်ကပ်ရဲ ့တာဝန်က ခန္ဓာကိုယ်ထဲရှိ မလိုအပ်ဘဲ ပိုလျှှံနေတဲ့ အရည်တွေကို ဆီးအဖြစ်ထုတ်ပေးရပါတယ်။ မကျန်းမာတဲ့ကျောက်ကပ်ဟာ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်နိုင်တော့ပါဘူး။ ထိုအ ခါ ပိုလျှှံနေတဲ့ဆီးနှင့် အငံဓာတ်တွေက ယူရစ်အက်ဆစ်အဖြစ်ဖောက်ပြန်လာကာ ခြေဖမိုး၊ အဆစ်အမြစ်၊ မျက်နှာ နှင့် လက် ချောင်း လက်ဖျံတွေကို ရောင်ကိုင်းဖောသွပ်စေကာ ကွေးဆန် ့နိုင်ဖို ့ခက်ခဲသွားပါပြီ။

(၆) အလွန်အမင်း မောပမ်းနွမ်းနယ်၍ ဖြူရော်ရော်ဖြစ်ခြင်း

ကျောက်ကပ်တွေက erythropoietin(ခေါ်)ဟိုမုန်းတမျိုးကိုထုတ်လုပ်ပေးပါတယ်။ ၄င်းဟိုမုန်းက သွေးနီဆဲလ်တွေထံသို ့အောက် စီဂျင်ထောက်ပံ့ပေးတာဖြစ်ပါတယ်။ အကယ်၍ ကျောက်ကပ်မှာပြဿနာရှိ၍ ဟိုမုန်းမထုတ်လုပ်ပေးနိုင်တော့ပါက၊ သွေးနီဆဲလ် တွေလည်း လျော့ကျလာပြီး သွေးအားနည်းရောဂါခံစားရသကဲ့သို ့ အလွန်အမင်းမောပမ်းနွယ်နယ်၍ ဖျော့တော့လာပါတယ်။

(၇) မူးနောက်၍ အာရုံမစူးစိုက်နိုင်တော့ခြင်း

အထက်ဖော်ပြပါ ဖြူရော်နွမ်းနယ်ခြင်းဟာလည်း ဦးနှောက်ထံသို ့အောက်စီဂျင်ရောက်ရှိမှုလျော့နည်းခြင်းနှင့် တိုက်ရိုက်ပတ် သက်နေတာကြောင့်၊ မူးနောက်နောက်ဖြစ်ကာ အာရုံစူးစိုက်နိုင်ခြင်းမရှိတော့ပါဘူး။

(၈) ချမ်းစိမ့်စိမ့်ဖြစ်ခြင်း

ကျောက်ကပ်ပျက်စီးတဲ့အခါ သွေးနီဆဲလ်များယုတ်လျော့သွားတာကြောင့်၊ ပူနွေးတဲ့ ပုံမှန်အခန်းအပူချိန်မှာတောင် ခြေလက်တွေ က အမြဲလိုလိုအေးစက်နေတတ်ပါတယ်။ ချမ်းအေးတဲ့ရာသီဥတု ပတ်ဝန်းကျင်မျိုးမဟုတ်ပါဘဲနဲ ့အလွန်အမင်းမောပမ်းနွမ်းနယ်၍ ခြေလက်တွေ ရေခဲတုံးတမျှှအေးခြင်းဟာ ကျောက်ကပ်ပျက်စီးနေပြီဖြစ်ကြောင်းကို ဖော်ပြတဲ့လက္ခဏာဖြစ်တာမို ့ လုံးဝ မပေါ့ဆ သင့်ပါဘူး။

(၉) အရေပြားယားယံ၍ အနီစင်းကြောင်းတွေပေါ်ခြင်း

ဤဖြစ်စဉ်က သာမန်ဓာတ်မတည့်မှု အရေပြား allergy ရောဂါနဲ ့ခပ်ဆင်ဆင်တူပါတယ်။ သို ့သော်မပေါ့ဆပါနဲ ့။ ကျောက်ကပ် ကောင်းစွာအလုပ်မလုပ်နိုင်တော့ပါက၊ ခန္ဓာကိုယ်ထဲမှာ အဆိပ်အတောက်တွေစုပုံကျလာတာကြောင့် အရေပြားမသန် ့တော့ဘဲ ယားယံခြင်းတွေဖြစ်လာပါတယ်။ ဒါကြောင့် အရေပြား allergy ရောဂါခံစားရပါက၊ အစားအသောက်မှား၍ ဓာတ်မတည့်တာလား ဒါမှမဟုတ် ကျောက်ကပ်ကြောင့် ဖြစ်သလားဆိုတဲ့ အဖြေကို တိတိကျကျဖော်ထုတ်ပါ။

(၁၀) အသက်ရှုလိုက်တိုင်း အမိုးနီးယားဓာတ်ငွေ ့နံ ့ခံစားရခြင်း

မိမိဖာသာအလွယ်တကူသိနိုင်တဲ့လက္ခဏာပါ။ စွန် ့ပစ်ဆီးထဲမှာ urea(ခေါ်)နိုက်ထရိုဂျင်ဓာတ်ပေါင်းတစ်မျိုးပျော်ဝင်နေပါတယ်။ ကျောက်ကပ်ပျက်စီးလာလေလေ urea ပျော်ဝင်မှုများလေလေဖြစ်တာကြောင့်၊ ထိုဓာတ်ပေါင်းတွေက အမိုးနီးယားဓာတ်ငွေ ့နံ ့အ ဖြစ် တံတွေးနဲ ့ခံတွင်းမှာပျံ ့နှံ ့ပြီး အသက်ရှုလိုက်တဲ့အခါတိုင်း အမိုးနီးယားနံ ့ကို ခံစားရခြင်းဖြစ်ပါတယ်။(အမိုးနီး ယားအနံ ့ဟာ ဇဝက်သာ အနံ ့နှင့်ဆင်တူပါတယ်)

(၁၁) အော်ဂလီဆန်၍ပျို ့အန်ခြင်း

ကျောက်ကပ်ပျက်စီးလာတဲ့အခါ၊ သွေးထဲမှာစွန ့်ပစ်ပစ္စည်းတွေစုပုံလာတာကြောင့် သွေးဆိပ်တက်လာပြီး အော်ဂလီဆန်ပျို ့အန် တာ တွေ ခံစားရပါတယ်။

(၁၂) အစာစားချင်စိတ်မရှိခြင်း

နိဒါန်းမှာဖော်ပြခဲ့သလိုဘဲ တချို ့ဝေဒနာသည်တော်တော်များများမှာ ရောဂါအခြေအနေဆိုးရွားနေတာတောင် ကျောက်ကပ်ပျက် စီးနေကြောင်းကို သိသာထင်ရှားတဲ့လက္ခဏာတွေ မတွေ ့ရတတ်ပါဘူး။ ခန္ဓာကိုယ်ထဲမှာ ဆီးဆိပ်တက်နေတဲ့အခါ ဘာစားစားအ ရသာခံအာရုံမကောင်းတော့ဘဲ အစာစားချင်စိတ်မရှိနိုင်တော့ဘူးလို ့ ဒေါက်တာDeepa Jayaram က အကြံပြုထားပါတယ်။

(၁၃) အသက်ရှုမဝခြင်း

ကျောက်ကပ်အခြေအနေဆိုးရွားလာတဲ့အခါ၊ အဆုတ်ထဲမှာအရည်တွေပြည့်လာတဲ့အတွက် အသက်ကောင်းကောင်းမရှုနိုင်တော့ ပါဘူး။ အဲဒီအခါ အသက်ရှုမဝသလို ခံစားရပြီး၊ ခန္ဓာကိုယ်မှာလည်း အောက်စီဂျင် ငတ်လာပါတယ်။

(၁၄) ခါးဘေးတွေနာခြင်း

အလွယ်တကူသိနိုင်တဲ့ လက္ခဏာဖြစ်ပေမယ့်၊ လူတော်တော်များများက သတိမထားမိတတ်ကြပြန်ပါဘူး။ ခါး၏အနောက်ဖက် အ လယ်ခေါင်တည့်တည့်က နာတာမျိုးမဟုတ်ဘဲ၊ ဘယ်(သို ့)ညာ ကျောက်ကပ်ရှိတဲ့ ခါးဘေး၏အနောက်နားက နာခြင်းမျိုးပါ။ ခါး ဘေးရဲ ့အနောက်ဘက်နားမှစ၍ ပေါင်ခြံအထိနာတတ်ပါတယ်။ ဥပမာ ကျောက်ကပ်မှဆီးအိတ်သို ့ဆီးကို သယ်ဆောင်ပေးသည့် ဆီးပြွန်ရောင်ရမ်းခြင်း၊ ဆီးထဲမှာ အနည်အနှစ်များခြင်း၊ ဆီးကျောက်တည်ခြင်း၊ အထူးသဖြင့် အမျိုးသမီးတွေမှာ ဆီးမကြာခဏ သွား၍ ဆီးအိမ်ရောင်ခြင်း တို ့ကြောင့် အဲဒီလိုခါးနာလာရပါတယ်။ 

No comments:

Post a Comment