ပိုးလေးဖက်နာရောဂါဆိုသည်မှာ အဘယ်နည်း။
ပိုးလေးဖက်နာရောဂါဆိုသည်မှာ G.A Haemolytic Streptococci ခေါ် ဘက်တီးရီးယားပိုး ကြောင့် ဖြစ်ပွားသည့် ရောဂါဖြစ်သည်။ ဖွံ့ဖြိုးဆဲတိုင်းပြည်များတွင် ပိုမိုအဖြစ်များသည်။ ကျောင်းသား၊ ကျောင်းသူအရွယ်များတွင် နှလုံးရောဂါဖြစ်စေနိုင်သည့် အဓိကအကြောင်းအရင်းသည် လေးဖက်နာ ရောဂါဖြစ်သည်။ အာသီးရောင်ရောဂါများ၏ ၀.၃ – ၁၂ သည် ပိုးလေးဖက်နာဖြစ်လာတတ်ပါသည်။
ရောဂါလက္ခဏာများ
လေးဖက်နာရောဂါတွင် အဓိကရောဂါလက္ခုဏာ (Major Criteria) ၊ သာမန်ရောဂါလက္ခဏာ (Minor Criteria) နှင့် အထောက်အကူပြုလက္ခဏာ( Evidenc of post-streptococcal infection) ဟူ၍ (၃) မျိုးခွဲခြားပါရှိသည်။
အဓိကရောဂါလက္ခဏာ (Major Criteria)
- အဆစ်အမြစ်များကိုက်ခဲ ရောင်ရမ်းခြင်း (Arthritis)။
- နှလုံးရောင်ရမ်း ရင်ဘတ်အောင့်ခြင်း၊ ရင်တုန်ခြင်း (Carditis)။
- အကြောဆွဲခြင်း (Chorea
) ။ - လက်၊ ညှိုသကျည်းနှင့် ကျောရိုး တစ်လျှောက် အရေပြားအောက်တွင် အကျိတ်ငယ်ကလေးများ ထွက်ခြင်း (Subcutaneous nodule)။
- အရေပြားပေါ်တွင် အနီရောင်အကွက်ငယ်များထွက်ခြင်း (Erythema marginatum)။
သာမန်ရောဂါလက္ခဏာများ (Minor Criteria)
- ဖျားခြင်း (Fever
) ။ - ခြေဆစ်၊ လက်ဆစ်များနာခြင်း (Arthralgia)။
- ယခင်က လေးဖက်နာရောဂါဖြစ်ဖူးခြင်း (သို့) လေးဖက်နာနှလုံးရောဂါရှိခြင်း။
- သွေးဖောက်စစ်လျှင် ESR တက်နေခြင်း။
- နှလုံးစက် (ECG) ဖြင့် စမ်းကြည့်လျှင် prolong PR interval ဖြစ်နေခြင်း။
အထောက်အကူပြုလက္ခဏာ
- အကြာမီက Scarlet fever ဖြစ်ဖူးခြင်း။
- သွေးဖောက်စစ်လျှင် ASO တက်နေခြင်း။
- (လူကြီး – ၂၅၀
todds unit) - (ကလေး – ၃၃၀
todds unit)
- (လူကြီး – ၂၅၀
အဓိကလက္ခဏာ(၁)ခု + သာမာန်လက္ခဏာ (၂)ခု + အထောက်အကူပြုလက္ခဏာများရှိလျှင် ပိုးလေးဖက်နာရောဂါရှိသည်ဟု သတ်မှတ်နိုင်ပါသည်။
နောက်ဆက်တွဲရောဂါများ
- ပိုးလေးဖက်နာရောဂါမှတဆင့် နှလုံးအဆို့ရှင်များ ကျဉ်းခြင်း၊ ကျယ်ခြင်း၊ နှလုံးအားနည်းခြင်း၊ ဖောခြင်း။
- အခြားရောဂါပိုးများ၊ ထပ်မံဝင်ရောက် နှလုံးတွင်း အမြှေးရောင်ခြင်း စသည်တို့ ဖြစ်ပွားနိုင်သည်။
- နှလုံးခုန် မမှန်ရာတွင် သွေးခဲကျွတ်ထွက်ပြီး လေဖြတ်ခြင်း။
ကာကွယ်နည်း
လေးဖက်နာရောဂါသည် လည်ချောင်းနာခြင်း၊ အာသီးရောင်ရမ်းခြင်းတို့မှ အစပြုတတ်သောကြောင့် လည်ချောင်းနာလာပါက နီးစပ်ရာဆေးခန်း၊ ဆေးရုံ သို့ သွားပြသ၊ စစ်ဆေး ကုသမှုခံယူပါမည်။
ဆရာဝန်က လေးဖက်နာရောဂါဟု သတ်မှတ်ခဲ့လျှင်လည်Benzathine penicillin 1.2 mega unit ကို သုံးပတ် (သို့) လေးပတ်တစ်ကြိမ် အသားဆေးမှန်မှန် ထိုးပေးခြင်း (သို့) Pen V သောက်ဆေးကို နေ့စဉ် မှန်မှန်သောက်ပေးခြင်းဖြင့် လေးဖက်နာနှလုံးရောဂါဖြစ်ခြင်းကို ကာကွယ် နိုင်ပါသည်။ ဆေးကို အနည်းဆုံး (၅)နှစ်ခန့် ဆက်လက် ထိုးရပါမည်။ ငယ်ရွယ်သူများတွင် ဖြစ်ပွားပါက အသက်(၂၅)နှစ်အထိ ဆေးကို သုံးပတ်တစ်ကြိမ် မှန်မှန်ထိုးရပါမည်။
လည်ပင်းနာတိုင်း penicillin ထိုးရန်လိုပါသလား။
မလိုပါ။
၉၀%သော လည်ပင်းနာသည် Virus ပိုးကြောင့်ဖြစ်သဖြင့် ဆားရည်ငုံခြင်း၊ ငုံဆေးသုံးခြင်း တို့ဖြင့်သက်သာနိုင်ပါသည်။ (၃)ရက်နှင့် မပျောက်ခြင်း၊ ဖျားခြင်း၊ အာသီးတွင် ပြည်စတွေ့ခြင်းရှိပါက Pen V (၁)လုံး၊ ၄ကြိမ် ၁၀ရက်၊ သောက်ရပါမည်။
လည်ပင်းနာပြီး ASO များနေတိုင်း penicillin ထိုးရပါသလား။
မလိုပါ။
ASO များခြင်းသည် ဘက်တီးရီးယားကို ခုခံသောဓာတ်ရှိနေခြင်းကိုသာ ပြသည်။ ပိုးရှိနေသေး သည်ဟု မဆိုလိုပါ။ Pen V (၁၀)ရက် သောက်ပြီး တစ်လ၊ နှစ်လတွင်ပြန်စစ် ASO များနေခြင်းသည် ပူစရာမရှိပါ။
အဆစ်နာပြီး ASO များလျှင် ပိုးလေးဖက်နာဖြစ်ပြီဟု ဆိုနိုင်မည်လား။
မဆိုနိုင်ပါ။
မြန်မာပြည်တွင် လည်ပင်းနာခြင်းမှာ အဖြစ်များသောကြောင့် ခလုတ်တိုက်လဲ ဒူးနာသူကိုပင် ASO စစ်ကြည့်လျှင် များနေသည်ကို လမ်းကြုံတွေ့ရှိနိုင်ပါသည်။ အဆစ်နာရုံမက ရောင်ခြင်း၊ ဖျားခြင်း၊ နှလုံးထိခြင်း စသည်တို့ရှိနေမှသာ penicillin ရေရှည် ဆွဲထိုးရန်လိုပါသည်။
ပိုးလေးဖက်နာကြောင့် အဆစ်များကောက်ကွေးပြီး အိပ်ယာပေါ်လဲနိုင်ပါသလား။
မလဲနိုင်ပါ။
penicillin ထိုးရင်း အဆစ်များ ပုံပြောင်းလာပြီဆိုလျှင် ရောဂါနှင့် ဆေးလွဲနေပါပြီ။ သွေးလေးဖက်နာအတွက် မှန်ကန်သော စစ်ဆေးကုသမှုရရှိရန် ကြိုးစားပါ။
ပိုးလေးဖက်နာရောဂါ(Rheumatic fever)၊ လေးဖက်နာနှလုံးရောဂါ(Rheumatic Heart Disease) ဖြစ်လျှင် မည်သို့သိနိုင်ပါသလဲ။
အဆစ်ရောင်ခြင်း၊ အာသီးနာခြင်း၊ မကြာခဏဖြစ်ပြီး နှလုံးကိုခဏခဏထိခိုက်လျှင် ကြာပါက နှလုံးအဆို့ ကျဉ်းသွားတတ်ပါသည်။ ထိုအခါ နှလုံးအပေါ်ထပ်မှ သွေးများအောက်ထပ်သို့ မဆင်းနိုင်ဘဲ သွေးများ အဆုတ်ထဲတွင် ပုံနေပြီး လူနာမှာရေမွန်းသလို မောတတ်ပါသည်။ ညအိပ်သောအခါ ပက်လက်အိပ်မရဘဲ ခေါင်းအုံးသုံးလုံးခန့် ခုအိပ်မှရပါသည်။ ညလယ်ခေါင်တွင် မောကြပ်ပြီး အိပ်ယာမှ နိုးလာတတ်ပါသည်။ လှေခါးအတက်အဆင်းတွင် သူများနှင့်မတူဘဲ အလွန်မော၍ နားနားနေရတတ် ပါသည်။ အလွန်ဆိုးသောအခါ ခြေထောက်များ အမ်းလာခြင်း၊ မျက်နှာဖောလာခြင်း၊ ရင်တုန်ခြင်းတို့ ဖြစ်တတ်ပါသည်။
Digoxin နှလုံးဆေး၊ Frusemide ဆီးဆေး၊ Carvidolol နှလုံးငြိမ်ဆေး၊Aspirin သွေးကျဲဆေးတို့ သောက်ရန်လိုပါသည်။
သတိပြုရန်အချက်များ
- အာသီးရောင်တိုင်း လေးဖက်နာရောဂါ မဟုတ်ပါ။
- အဆစ်အမြစ်နာတိုင်း လေးဖက်နာရောဂါ မဟုတ်ပါ။
- သွေးစစ် သွေးထဲတွင် လေးဖက်နာပိုး တွေ့သည်ဆိုတိုင်း လေးဖက်နာရောဂါမဟုတ်ပါ။
- လေးဖက်နာရောဂါ မဟုတ်သူများအတွက် ရေရှည် penicillin သုံးစွဲရန် မလိုပါ။
No comments:
Post a Comment