Labels

Saturday, January 28, 2017

Lymphatic filariasis ဆင်ခြေထောက် (အဆက်)


ဆင်ခြေထောက်ရောဂါဟာ နိုင်ငံပေါင်း ၅၄ နိုင်ငံမှာ ၉၄၇ သန်းမှာ ဒီရောဂါအတွက်သတိထားနေရတယ်။ သန်း ၁၂ဝ မှာ ပိုးရှိနေပြီး၊ သန်း ၄ဝ မှာ ခြေထောက်တွေ ကြီးနေကြတယ်။ ယောက်ျား ၂၅ သန်းမှာ ကျားလိင်အင်္ဂါပါ ရောဂါကြောင့် ကြီးနေကြတယ်။ ၁၅ သန်းက ခြေထောက်ပါကြီးနေတယ်။ ကူးစက်မှုမဖြစ်အောင် ဆေး ၂ မျိုးတွဲကို တကြိမ်တည်း တိုက်ပေးနေပါတယ်။

Filariodidea အုပ်စုဝင် Nematodes (Roundworms) သန်ကောင်ကနေ ဖြစ်စေတယ်။ (၃) မျိုးရှိတယ်။ Wuchereria bancrofti အမျိုးအစားက 90% ဖြစ်စေတယ်။ ကျန်တာက Brugia malayi နဲ့ B. timori ဖြစ်တယ်။ သွေးပြန်ရည်စနစ်ကို ထိခိုက်ပြီး လမ်းကြောင်းပိတ်တယ်။ ဒါကြောင့် ရောင်တာ၊ ကြီးတာတွေ ဆက်ဖြစ်တယ်။ Culex mosquito ခြင် အမျိုးအစားကနေ လူတယောက်ဆီကနေ နောက်တယောက်ဆီကူးစက်စေတယ်။

ရက်တိုနဲ့ နာတာရှည် ၂ မျိုးဖြစ်တယ်။ သန်ကောင်ဟာ ပျမ်းမျှ ၆ နှစ်ကနေ ၈ နှစ်အထိနေတယ်။ အများစုမှာ ဘာမှ မခံစားရဘူး။ ဒါပေမဲ့ သွေးပြန်ရည်စနစ်နဲ့ ကျောက်ကပ်၊ ခုခံအားစနစ်တို့ကို ထိခိုက်နေလိမ့်မယ်။ ဖြစ်ကာစမှာ တက်စေ့တွေ ရောင်မယ်။ နာတာရှည်ဖြစ်မှ Lymphoedema ရောင်တာတွေဆက်ဖြစ်တယ်။ ခြေထောက်မှာ အများဆုံးဖြစ်တယ်။ ယောက်ျားကပ်ပဲ့အိပ်၊ အမျိုးသမီးရင်သား၊ မိန်းမအင်္ဂါတွေမှာလဲ ဖြစ်နိုင်တယ်။

Mass drug administration (MDA) လူအများစုကိုဆေးပေးနည်းနဲ့ ကာကွယ်ရေးလုပ်ပါတယ်။
၁။ Albendazole (400 mg) + Diethylcarbamazine citrate (DEC) (6 mg/kg) တခြားဒေသတွေမှာ ပေးတယ်။
၂။ Albendazole (400 mg) + Ivermectin (150-200 mcg/kg) ဆေးအတွဲကို Onchocerciasis (River blindness) ရောဂါ ထူပြောရာဒေသတွေမှာ ပေးတယ်။

Culex အမျိုးအစားခြင်က မြို့တွေမှာများတယ်။ Anopheles ခြင်က တောတွေမှာများတယ်။ Aedes ခြင်က ကျွန်းတွေမှာ များတယ်။ ခြင်နှိမ်နင်းရေးလဲလုပ်ရမယ်။ MDA နည်းဗျူဟာကို ၄-၆ နှစ်ကြာလုပ်မယ်။

Albendazole ရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = ကိုယ်ပူ၊ အရေပြားနီ-ယား၊ လည်ချောင်းနာ၊ အားယုတ်၊ ဗိုက်အောင့်၊ ဝမ်းပျက်၊ ခေါင်းမူး၊ ခေါင်းကိုက်၊ ပျို့၊ အန်၊ ဆံပင်ပါး၊ ဆံပင်ကျွတ်၊ ထိပ်ပြောင် (ဆေးဖြတ်ရင် ပြန်ကောင်းနိုင်)၊ ကျောက်ကပ် အလုပ်မလုပ်နိုင်၊ အသဲအလုပ်ပျက်၊ အသည်းအလုပ်မနိုင်၊ သွေးစစ်ရင် ပုံမှန်မဟုတ်၊ မျက်စိမြင်လွှာထိခိုက်။

ကိုယ်ဝန်ဆောင်နေစဉ်မှာ သတိနဲ့ပေးရမယ်။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။ ကိုယ်ဝန်တားဆေး သောက်နေချိန်မှာ တားနည်းကို အားနည်းစေလို့ တားနည်း ၂ မျိုးတွဲ ဥပမာ (ကွန်ဒွမ်) + တားဆေးတွဲသုံးသင့်တယ်။ Albendazole ဆေးဖြတ်ပြီးနောက် အဲလိုတလသုံးပါ။ ကလေးနို့တိုက်နေချိန်မှာ ဆေးက နို့ရည်ထဲရောက်-မရောက်ဆိုတာ ပြောဘို့ မသေချာပါ။

Diethylcarbamazine  ရဲ့ ဘေးထွက်-ဆိုးကျိုးတွေ = ယား၊ မျက်နှာ (မျက်လုံး) ရောင်၊ ကိုယ်ပူ၊ ညနေခင်း မျက်စိကြည့်မကောင်း၊ ခေါင်းကိုက်၊ အဆစ်နာ၊ မောပန်း၊ ခေါင်းမူး၊ ပျို့-အန်။ တကယ်လို့ မျက်စိကြည့်မကောင်းတာ၊ ည-ညနေပိုင်းကောင်းကောင်းမမြင်ရတာနဲ့ လှိုင်ခေါင်းထဲကနေ ကြည့်ရသလို မြင်လာရတာရှိရင် ဆရာဝန်ပြပါ။ ကိုယ်ဝန်နဲ့ နို့တိုက်မိခင်တွေအတွက် ထူးခြားပြီးဖေါ်ပြထားတာ မရှိပါ။

diethylcarbamazine citrate (DEC) ဆေးတကြိမ်တည်းပေးတာနဲ့ရတယ်။ အရင်က ၁၂ ရက်ပေးနည်းသုံးခဲ့တယ်။ albendazole with DEC or ivermectin ပေးနည်းက ၉၉% ကောင်းစေတယ်။

ဝဲ ခေါ် ယားနာအတွက် ivermectin 300 µg/kg ဆေးတပြားနဲ့ရတယ်။ ၇ က်နေ တခါထပ်သောက်တာကောင်းတယ်။

ဒေါက်တာတင့်ဆွေ

No comments:

Post a Comment